ခွန်းဆင့်နေခြည် ကို အရင်က ကြိတ်ကြိုက်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ သူငယ်ချင်း မောင်နှမ တွေပါဆိုတဲ့ သူထူးစံ

December 8, 2017 0

 နေခြည်မရေ ငါ့ဆီမှာရှိတဲ့ ရိုက်ကွင်း ပုံတွေတင်ပေးလိုက်တယ်။ငါတို့အတူရိုက်ခဲ့တဲ့ ဇာတ်ကား တွေလည်းမနည်းပါဘူးဟယ် နင်နဲ့ငါနဲ့က သူငယ်ချင်း မောင်နှမ တွေပါ။ ငါ့ဘက်ကကြိတ်ကြိုက်ခဲ့ဖူးတာ လေးတော့ရှိတာပေါ့ ခုတော့ငါလည်း ငါ့ ဘဝ နဲ့ငါဆိုတော့ နင့်ကိုလည်း မထိခိုက်အောင်လို့ ငါတို့ရိုးသားကြောင်း ပုံလေးတွေတင်ပေးလိုက်တယ်။ နောက် ဇာတ်ကား တွေရဲ့ရိုက်ကွင်း ပုံ တွေငါ့မှာအများကြီးရှိသေးတယ် ပြန်ရှာတွေ့ရင်တော့ ထပ်တင်ပေးလိုက်မယ်”လို့ဆိုပါတယ်။ Credit – sunday journal

ဘုရားစူး ကလေးနှစ်ယောက် အမေတွေ

December 7, 2017 0

အနုပညာရှင် မင်းသမီးလေးတွေက အလှအပတွေကို ထိန်းသိမ်းတတ်ကြတာ သိကြတယ် မဟုတ်လား။ သူတို့ဆိုရင် အိမ်ထောင်ကျလို့ သားသမီးတွေရှိနေရင်လဲ နုပျိုလို့ အပျိုလေးတွေတောင် အရှုံးပေးရလောက်အောင် လှနေကြတာပါပဲ။ အခုကတော့ ကလေးလေးနှစ်ယောက်ဆီ မွေးထားကြတဲ့ မင်းသမီးလေး တချို့ကို ဖော်ပြပေးမလို့ပါ။ သူတို့တွေကတော့ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ ချစ်သုဝေ၊ သန္တာလှိုင်နဲ့ စမိုင်းလ်တို့တွေပါပဲ။ အိန္ဒြာကျော်ဇင် သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ အရင်တုန်းကထက်တောင် ပိုလှနေပါတော့တယ်။ ဒီနှစ်မှာတော့ Read More

ဒုလ္လဘရဟန်း ဝတ်သွားကြတဲ့ ဇာတ်ပို့မင်းသား သုံးယောက်

December 7, 2017 0

မြန်မာဇာတ်ကားများရဲ့ အမာခံ ဇာတ်ပို့တွေဖြစ်ကြတဲ့ ကိုဘင်း၊ ကျော်ဇင်ထွဋ်နဲ့ အောင်ဇော်မင်းတို့ သုံးယောက်ကတော့ ဒုလ္လဘရဟန်းအဖြစ် ခံယူလိုက်ကြပြီ ဖြစ်ပါတယ်။ ဇာတ်ကားအများစုတွင် မပါမဖြစ်ဆိုသလို သရုပ်ဆောင်နေကြရတဲ့ သူတို့သုံးယောက်ကို အကယ်ဒမီမရတဲ့ မင်းသားတွေအဖြစ် ပရိတ်သတ်တွေက ချစ်ကြပါတယ်။ဒီနေ့ (ဒီဇင်ဘာလ ၆ ရက်) မှာတော့ အလုပ်တွေ များတဲ့ကြားက သုံးယောက်သား စုံပြီး သာသနာ့ဘောင် ဝင်လိုက်ကြတာ ဖြစ်ပါတယ်။ စွန်းလွန်းဂူဝိပဿနာ ကျောင်းတိုက်တိုက်မှာ ပဉ္စင်းခံလိုက်ကြတယ် လို့လည်း သူတို့ အသိုင်းအဝိုင်းက Read More

“ငါ့…ဥ”ဇာတ်ကားမှာ ယဉ်ယဉ်လေးနဲ့ လှနေတဲ့ အိချောပို

December 7, 2017 0

မန်မာဆန်ဆန်လေးတွေ ၀တ်တတ်ပြီး နက်မှောင်တဲ့ ဆံပင်ရှည်ရှည်တွေရှိတဲ့ အိချောပို ဟာ “ငါ့…ဥ” ဆိုတဲ့ ဇာတ်ကားထဲမှာ ဥ ဆိုတဲ့ မိန်းကလေးနေရာကနေ သရုပ်ဆောင်လျက်ရှိပါတယ်။ ဒီဇာတ်ကားထဲမှာတော့  အိချောပိုဟာ ယဉ်ယဉ်လေးနဲ့ အရမ်းကိုလှနေတာကို တွေ့ရမှာပါ။ Source: Ei Chaw Po facebook

“ထာဝရအမေ” ရုပ်ရှင်ကား အထူးပွဲသို့ တက်ရောက်လာတဲ့ အနုပညာရှင်များ

December 7, 2017 0

ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးပုံဖော်ထားတဲ့ “ထာဝရအမေ” (Eternal Mother) ရုပ်ရှင်ဇာတ်ကား အထူးပွဲကိုတော့ ဒီကနေ့ ဒီဇင်ဘာ(၆)ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ ဇာတ်ကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေရော၊ တခြားဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အများကြီးတက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ဇာတ်ကားထဲက အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ မေသန်းနု၊ နေတိုး၊ ၀တ်မှုံရွှေရည်တို့ အပါအ၀င် တခြားအနုပညာရှင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ထွန်းကိုကို၊ ချမ်းချမ်း၊ ဇွန်သံဇဉ်တို့လည်း ဒီပွဲကို တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ “ထာဝရအမေ” ဇာတ်ကားကိုတော့ ဒီဇင်ဘာလ (၈) Read More

မေသန်းနုကို အားပေးစကားပြောလိုက်တဲ့ စင်ရော်မောင်မောင်

December 7, 2017 0

ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ သူ့ရဲ့ ဇနီးဟောင်း ၊လက်ရှိမှာတော့ လုပ်ဖော်ကိုင် ဖက် အနုပညာမောင်နှမဖြစ်တဲ့ မေသန်းနုအတွက် အားပေးစကားပြောလိုက်ပါတယ်။စင်ရော်မောင်ေ မာင်က သူ့ရဲ့ fb မှာ .. “မဆင့်​ ထာဝရအ​မေ ဇာတ်​ကားကြီးရယ်​ သား​လေး မင်းသန့်​​မောင်​​မောင်​ အတွက်​ ရယ်​ပြောပါရ​စေ။ ဘဝကို ရဲရဲတင်းတင်း ဖြတ်​သန်းပြီး ကြံ့ကြံ့ခံပီး ဖြတ်​သန်းပါ။ပရိသတ်​၏ ချစ်​ခြင်း​မေတ္တာကို ရယူပြီး အနုပညာကို ဒီထက်​ပိုပြီး ​အောင်​မြင်​​အောင်​ ကြိုးစားပါ။ အချိန်​က စကား​ပြောသွားပါလိမ့်​မယ်​။ Read More

အဖြူရောင်သတို့သမီး ဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ သက်မွန်မြင့်

December 7, 2017 0

သက်မွန်မြင့်တစ်ယောက် People မဂ္ဂဇင်းကာဗာအတွက် ရိုက်ကူးပေးထားတဲ့ နောက်ထပ်ပုံအသစ်လေးတွေ ထွက်ပေါ်လာပါတယ်။ ဒီတစ်ခါကတော့ အဖြူရောင်ဝတ်စုံလေးနဲ့ ပုံလေးတွေပါ။ (၂၀၁၇) ဒီဇင်ဘာလထုတ် People မဂ္ဂဇင်းအတွက် ရိုက်ပေးထားတာပါ။ ဒီဇိုင်နာကတော့ မပုံ့ပါ။ မိတ်ကပ်ကတော့ Hello ကပါ။ ဓါတ်ပုံဆရာကတော့ အောင်ဇော်(Love Space)ကလို့ သိရပါတယ်။ “အစွေအလိပ်လေးတွေ ငှက်မွှေးလေးတွေနဲ့ KAY က ဇာဖြူလေးကိုပေါင်းစပ်ပြီးချစ်ရတဲ့ မွန်အတွက်ဖန်တီးထားတဲ့ဆောင်းတွင်းစတိုင်လ် wedding dress..” လေးဆိုပြီး ဒီဇိုင်နာမပုံက သူမရဲ့ fb Read More

သီချင်းအသစ် သုံးပုဒ် ဖန်တီးပြီးဖြစ်တဲ့ အဆိုတော် မနော

December 7, 2017 0

လတ်တလော လူကြိုက်များနေတဲ့ အဆိုတော် မနော ဟာ အသစ်ထွက်မယ့် တေးစီးရီးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။ အဆိုပါတေးစီးရီးအတွက် သီချင်းအသစ် သုံးပုဒ်ကို သီဆိုပြီးဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သီချင်းသုံးပုဒ်ကို တေးရေးဆရာများဖြစ်တဲ့ ဆောင်းဟုန်၊ သဟာအောင်၊ ဘဝ တို့နှင့်အတူ Dream Lover Band ဖြင့် တီးခတ်ထားတယ်လို့ မနောရဲ့ ပေ့ခ်ျမှာ ပြန်လည်မျှဝေထားပါတယ်။ အဆိုပါ သီချင်းထွက်လာတဲ့အခါကျရင်လည်း အားပေးဖို့အတွက် ပရိတ်သတ်ကို တောင်းဆိုထားပါတယ်။ “ Read More

မင်းသား ခန့်စည်သူ၊ ကျော်ရဲအောင်တို့နှင့်အတူ မင်းသမီးအိချောပိုပါဝင်တဲ့ “ငါ့ဥ” ရိုက်ကွင်းပုံရိပ်

December 7, 2017 0

ဒါရိုက်တာ ကိုဇော်ရိုက်ကူးထားတဲ့ “ငါ့ဥ” ဇာတ်ကားကို မင်းသား ကျော်ရဲအောင်၊ ခန့်စည်သူနှင့် မင်းသမီး အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဆိုပါ ဇာတ်ကားရဲ့ ပုံရိပ်အချို့ကိုလည်း အိချောပို ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ မျှဝေပေးထားပါတယ်။ ရိုက်ကွင်းပုံရိပ်အချို့ကို သူမရဲ့ ဖေ့စ်ဘွတ်မှတဆင့်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ဒီရက်ပိုင်းအလုပ်လက်ခံတာများသွားတဲ့ ကိုယ့်ကိုယ်ကို မုန်းမိတယ်ဆိုတဲ့ ချစ်သု​ဝေ

December 6, 2017 0

ဒီရက်ပိုင်းအလုပ်လက်ခံတာများသွားတဲ့ ကိုယ့်ကိုယ်ကို မုန်းမိတယ်##ဆိုတဲ့ ချစ်သုဝေ “Treza..ငယ်လေး အရမ်းဂျီတယ်..” “မမရေ..ငယ်လေး ကျွေးတာမစားဘူး..” “သမီးရေ..ငယ်လေးကတော့ မေမေ..မေမေ..နဲ့ တစ်ချိန်လုံးအီနေတာ”,,,,,,လာပါပြီသည်းလေးရယ် ..မေ ပြန်လာပြီနော်…ဘန်ကောက်ကပြန်လာတုန်းက နှာခေါင်းမှာ ဆော့စရာနဲ့ခိုက်မိပြီးဒဏ်ရာရထားတယ်…ကြီးဒေါ်ကြီး အိမ်အောက်ဆင်းတုန်း ဆရာမရှိနေရက်ဖြစ်သွားတာ…ကလေးတွေအရမ်းဆော့ ချိန်မို့ဖြစ်တတ်တာတော့ နားလည်ပေမယ့် ကိုယ်မရှိမှ ဖြစ်တာချည်းမို့ စိတ်ထိခိုက်ရတာတော့အမှန် ခုလည်းမန်းလေးသွားတာက တစ်ရက်…ငယ်လေးက အီနေ ဂျီနေ..တော်သေးတယ် အဖွား အနားမှာရှိလို့ ဒီရက်ပိုင်းအလုပ်လက်ခံတာများသွားတဲ့ ကိုယ့်ကိုယ်ကို မုန်းမိတယ်”လို့သူမကဆိုပါတယ်။ Credit: -chit thu wai

1 2 3 4 8