AUSTRALIA AWARDS ပညာသင်ဆုကို ဖေဖော်ဝါရီလမှ စတင်ကာလျှောက်ထား နိုင်မှာဖြစ်တယ်လို့ သိရပါတယ်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်လျှောက်ထားနိုင်မှာဖြစ်ပြီး ဧပြီလ ၃၀ ရက်ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားချင်သူတွေ အနေနဲ့ ပညာရေးအခြေပြု လူသားရင်းမြစ်ဖွံ့ဖြိုးရေးအတွက် ပညာရေးနှင့် သင်ကြားရေး(Education and Training)၊ ပညာရေးစီမံခန့်ခွဲမှု (Education Management)၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး (Human Resource Development) နယ်ပယ်များ၊ ငြိမ်းချမ်းရေး၊ အစိုးရနှင့် လူသားအရင်းအမြစ် ထောက်ပံ့ရေး နယ်ပယ်များဖြစ်သော Humanitarian Support, Disaster Management, Development Studies, Public Policy နှင့် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်များ၊ စီးပွားရေးဖွံ့ဖြိုးမှု၊ အများပြည်သူဆိုင်ရာ နယ်ပယ်ဖွံ့ဖြိုးမှုနှင့် အစိုးရပိုင်းဆိုင်ရာ စီမံခန့်ခွဲရေး နယ်ပယ်များဖြစ်သော Economics, Business, Agriculture, Governanceand Natural Resource Management နှင့် Mining ကဲ့သို့သော နယ်ပယ်များအတွက် လျှောက်ထားသင့်တယ်လို့ အကြံပြုထားပါတယ်။

လျှောက်ထားမယ့် သူတွေဟာ အင်္ဂလိပ်စာ လိုအပ်ချက်အနေဲ့ IELTS သို့မဟုတ် TOEFL တို့ မလိုအပ်ဘဲ အင်တာဗျူးအတွက် Shortlist တွင် ရွေးချယ်ခြင်းခံရပါက အင်္ဂလိပ်စာ ကျွမ်းကျင်မှုအတွက် Score မရှိသေးသူတွေကို IELTS ဖြေဆိုရန် DFAT ရန်ပုံငွေမှ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရွေးချယ်ခံရသူအနေဖြင့် လိုအပ်ပါက အင်္ဂလိပ်စာ သင်တန်းကို ၁၂ လ တက်ရောက်ရမှာ ဖြစ်ပါတယ်။ ပညာသင်ဆုတွင် ခရီးစရိတ်၊ ကျူရှင်စရိတ်၊ နေထိုင်စရိတ်၊ ပညာသင်ကာလအတွင်း ကျန်းမာရေးအတွက် ကုန်ကျစရိတ်၊ ပညာရေးဆိုင်ရာ အထောက်အပံများနှင့် သုတေသနစရိတ်များကို ထောက်ပံ့ပေးသွားမှာပါ။
ပညာသင်ဆုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သြစတြေးလျသံရုံးရဲ့ ပညာသင်ဆုအဖွဲ့ မှ ဇာနည်နဲ့ Anna တို့နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်မယ်လို့ သိရပါတယ်။

-သန္တာ
Credit: Internet Journal

Be the first to comment

Leave a Reply

Your email address will not be published.


*