နယ်က ကျောင်းသားလေးတွေနဲ့ တရင်းတနှီး တွေ့ဆုံခဲ့ နေတိုး

သရုပ်ဆောင် နေတိုးကတော့ ဇာတ်ကားရိုက်သွားရင်း ကျေးလက်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေနဲ့ တရင်းတနှီး တွေ့ဆုံခဲ့တာကို မြင်ရပါတယ်။မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးက ပရိတ်သတ်ကိုလည်း တလေးတစားရှိသူဖြစ်ပြီး ကြုံရင်ကြုံသလို အလုပ်တစ်ဖက်နဲ့ တွေ့ဆုံပေးလေ့ရှိသူ ဖြစ်သည်။ဒီနေ့ (နိုဝင်ဘာလ ၂၈ ရက်) မှာလည်း ဂန့်ဂေါဘက်မှာ မုန်းစွဲ ဇာတ်ကားကို ရိုက်ကူးနေရင်း ရွာက ကလေးငယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပုံလေးတွေ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။နေတိုးသည် ၂ဝဝ၉ ခုနှစ်က မိုးညအိပ်မက်မြူ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆု၊ ၂၀၁၅ ခုနှစ်က နက္ခတ်မှားတဲ့တိုက်ပွဲ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီများ ရရှိထားသူဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*