နှစ် ၂၀ ကြာမှဖြေရှင်းလိုက်တဲ့ တိုက်တန်းနစ် ဇာတ်ကား အကြောင်း

တိုက်တန်း နစ်ဇာတ်ကားရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ မင်းသားကရေထဲမှာနေပြီး မင်းသမီးက တံခါးဘောင်တစ်ချပ်ပေါ်မှာရှိနေခဲ့တယ်။ အဲ့ဒါကြောင့်လည်း မင်းသားသေဆုံးခဲ့ပြီး မင်းသမီးအသက်ဆက်ရှင်ခဲ့ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ဝေဖန်မှုတွေ၊ မေးမြန်းမှုတွေရှိနေဆဲပါ။ ဒီဇာတ်ကားပေါ်ထွက်ခဲ့တာ နှစ် ၂၀ ရှိနေခဲ့ပါပြီ။ ဒါပေမယ့်လည်း အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တိုက်တန်းနစ် စာရေးသူလည်းဖြစ်၊ ဒါရိုက်တာလည်းဖြစ်တဲ့ James Cameron က အခုအချိန်မှာ ရှင်းလင်းချက်ပေးခဲ့ပါပြီ။
လူတိုင်းကမေးကြတယ်

James Cameron ပြောတာကတော့ နောက်ဆုံးခန်းမှာ မင်းသားက ရေထဲရောက်နေပြီး မင်းသမီးတစ်ယောက်တည်း တံခါးချပ်ပေါ်တက်နေမယ့်အစား နှစ်ယောက်အတူတူသာ တံခါးချပ်ပေါ်တက်နေခဲ့ရင် နှစ်ယောက်စလုံးအသက်ရှင်နိုင်မယ်ဆိုတဲ့ အချက်ပါပဲ။ ဝေဖန်မှုတွေလည်းပြုလုပ်ကြသလို တချို့ကျောင်းသားလေးတွေတောင် ထောက်ပြပြောဆိုမှုတွေရှိပါတယ်တဲ့။ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ James Cameron ကတော့ ရှင်းရှင်းလေးပဲ ဖြေရှင်းချက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းသဘောအရကိုက မင်းသားကသေဆုံးရမှာဖြစ်လို့ ဒီလိုဖန်တီးခဲ့တာပါတဲ့။ နောက်ပြီး တံခါးတစ်ချပ်ကိုကယ်တင်ပစ္စည်းအဖြစ်သုံးခဲ့ရတာကလည်း သဘာဝကျကျနဲ့ဆုံးဖြတ်ခဲ့တာပါတဲ့။ တံခါးတစ်ချပ်ဟာ သဘာဝအရ လူတစ်ဦးအတွက်ပဲ ကယ်တင်ရာရောက်နိုင်မယ်မဟုတ်လား။ အဲ့ဒါကြောင့်လည်း တံခါးချပ်ကိုရွေးချယ်ပြီး ဇာတ်လမ်းမှာအသုံးပြုခဲ့တာပါလို့ ဖြေရှင်းချက်ပေးလိုက်ပါတယ်။
Djqx0jng3ys9bd7dnvvc

တိုက်တန်းနစ်ဇာတ်ကားလေးကိုကြည့်ပြီး ဒီအကြောင်းလေးကို မေးခွန်းထုတ်မိကြမယ်ထင်ပါတယ်နော်။ နောက်ပြီး ဒါရိုက်တာကပြောသေးတယ်။ ဇာတ်လမ်းသဘောအရ တစ်ဦးဦးသေဆုံးမှ အနှစ်သာရပြည့်ပြီး ပရိသတ်တွေခံစားရစေမှာပါတဲ့ကွယ်။ ကဲ နှစ် ၂၀ လုံးလုံး အားလုံးသိချင်နေကြတဲ့ မေးခွန်းလေးအတွက် အဖြေထွက်လာပြီနော်။ နောက်ထပ်ရော ဒီဇာတ်ကားလေးကို ထပ်ကြည့်ချင်စိတ်မဖြစ်မိကြဘူးလား။
source-ladbible
#HM
Credit – momolay

Be the first to comment

Leave a Reply

Your email address will not be published.


*