နှစ်ပေါင်းများစွာက အမျိုးသား ဝိဉာဉ် နဲ့ အတူနေ လိင်ဆက်ဆံ ခဲ့တဲ့ အမျိုးသမီး

စ်သူ ကောင်လေး နဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ မမျှော်လင့်ပဲနဲ့ သရဲ လိုလို၊ ဝိဉာဉ် လိုလို အမျိုးသား တစ်ဦးနဲ့ လိင်ဆက်ဆံ ဖြစ်ခဲ့တယ်လို့ မိန်းကလေး တစ်ဦးဟာ ပြောပြခဲ့ပါတယ်။ လန်ဒန် မှာနေထိုင်ဆဲ့ ဆီရန်လို့ ခေါ်တဲ့ မိန်းကလေးဟာ ချစ်သူကောင်လေးနဲ့ လမ်းခွဲခဲ့ကာ ဘဝအသစ်ကို စတင်ပြီး အရာရာကို အသစ်ကပြန်စဖို့ ကြိုးစားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော် အချိန်ကာလတုန်းက အသက် ၂၆ နှစ်အရွယ် မိန်းကလေး ဆီရန်က လန်ဒန်မြောက်ပိုင်းကနေ ထွက်ခွာပြီးနောက် ဝေလပြည်နယ်တစ် လွှားကို လှည့်လည်ပြီးနေထိုင်ဖို့ စတင်ခဲ့တယ်လို့ဆိုပါတယ်။

ဝေလပြည်နယ်တစ်ခွင်ကို ခရီးဆောင်လွယ်အိတ်တစ်လုံးနဲ့ ခရီးသွားလာလျှောက်သွားနေခဲ့တဲ့ မိန်းကလေး ဟာ သူမအတွက် နေထိုင်တည်းခိုစရာနေအိမ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကာ အဆိုပါ နေအိမ် မှာ ၁၆ ရာစုအချိန်တုန်းက ဆောက်လုပ်ထားခဲ့ပြီးတော့ နေအိမ်ပိုင်ရှင်က အိမ်အတွင်း သက်တမ်းကြာ ရှည်နှစ်တွေရှိနေတဲ့ စာအုပ်တွေနဲ့ ရှေးဟောင်း ပန်းချီကားတွေရှိနေတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ပန်းချီကား တွေထဲက အမျိုးသားတစ်ဦးရဲ့ ပုံရိပ်ဟာ သူမအမြင်ကို ဆွဲဆောင်မှု ရှိပြီး တစ်ဦးနဲ့တစ်ဦး အမြင် ချင်းဆုံ ခံစားမှုရရှိခဲ့တယ်လို့ သူမကပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ၁၈၂၀ ပြည့်နှစ်က ပန်းချီကား တစ်ချပ်ဖြစ်ကာ ပန်းချီ ထဲက အမျိုးသား ဟာ ငယ်ရွယ်နုပျိုဆဲ လူငယ်တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီအိမ်မှာပဲ ဆီရန်က စိတ်ပျော်ရွှင်မှုရရှိပြီးတော့ နေထိုင် ရတာ သက်တောင့်သက်သာနဲ့ ပျော်ရွှင်မှု ရတယ်လို့ ဆိုပါတယ်။ လအနည်းငယ်ကြာ နေထိုင်ပြီး တစ် ရက်မှာတော့ မမျှော်လင့်စရာကောင်းတဲ့ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ မနက်ဝေလီဝေလင်းအချိန်မှာ သူမရဲ့အိပ်စက်နေတဲ့ နံဘေး ပန်းချီကားချပ်ထဲက အမျိုးသားလို့ ထင်ရ တဲ့ အမျိုးသား တစ်ဦးဟာ ဝတ်စုံပြည့်ပုံစံနဲ့ သူမဘေးဘက်မှာ လှဲနေတဲ့ အနေအထားကို တွေ့ခဲ့ရတယ် လို့ ဆိုပါတယ်။

နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ အခြေအနေနဲ့ မိန်းကလေး ဆီရန်ရဲ့ ကိုယ်ခန္ဓာပေါ် အမျိုးသား တစ်ဦးရဲ့ လက်တစ်စုံနဲ့ ထူးဆန်းတဲ့ အထိအတွေ့တွေ၊ စွဲဆောင်ပြင်းပြမှုတွေနဲ့ အတူ နှစ်ဦးသားလှုပ်ရှားထိတွေ့ ကိုင်တွယ်မှုတွေဖြစ်ခဲ့ကာ ပုံရိပ်ထဲက အမျိုးသားရဲ့ အကြောင်းကို တယ်လီပက်သီ သဘောအရ စိတ် ချင်းနွယ်ပြီး သိရှိခဲ့ရတယ်လို့ ပြောပါတယ်။ ရောဘတ်လို့ အမည်ရပြီး လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် လောက်က အသက်ရှင်နေထိုင်ခဲ့ဖူးတဲ့သူလို့ ဆိုပါတယ်။

မိန်းကလေး ဆီရန် ဟာ အဆိုပါ ပန်းချီကား ချပ်ထဲက အမျိုးသားတစ်ဦးနဲ ပန်းချီကား အနည်းငယ်ကြာ အတူ ထိတွေ့ကိုင်တွယ်မှုတွေ၊ အိပ်ယာထဲ အတူ ဆက်ဆံခဲ့ရတဲ့ ခံစားမှု က တကယ်ပဲ ခံစားလို့ ကောင်းခဲ့ တယ်လို့ ဆိုပါတယ်။ နာရီ အနည်းငယ်အကြာမှာတော့ အဆိုပါ အမျိုးသားဟာ ပျောက်ကွယ်သွားခဲ့ပါ တယ်။ ဆီရန် ဟာ ရက်သတ္တပတ်အတော်ကြာအောင် ထိုသို့ ထူးခြားဆန်းကြယ်တဲ့အဖြစ်အပျက်ကို မေ့မရခဲ့ပြီး အဆိုပါ နှစ် အ တော်ကြာက အမျိုးသား ရဲ့ အကြောင်းကို လိုက်လံစုံစမ်းမှု တွေပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

Credit : Shwe in lay

Be the first to comment

Leave a Reply

Your email address will not be published.


*