၁၇ နှစ် အရွယ်ကောင်လေးကို မုဒိန်းကျင့်ခဲ့တဲ့ X-MEN ဒါရိုက်တာ

X-Men နဲ့ Superman Returns ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Bryan Singer က 17 နှစ်အရွယ် ကောင်လေးကို မုဒိန်းကျင့်ခဲ့လို့ တရားစွဲ ခံထားရပါတယ်။ သူ့ကို Queen biopic, Bohemian Rhapsody ရဲ့ ဒါရိုက်တာ အဖြစ်ကနေ ထုတ်ခံရပြီးတဲ့နောက်မှာ ဒီသတင်းဟာ ထွက်လာတာပါ။ Cesar Sanchez-Guzman က သူ့ကို X-Men and Superman Returns တို့ရဲ့ ဒါရိုက်တာ Bryan Singer က 2003ခုနှစ်က သဘောင်္ပေါ်မှာ ပါတီလုပ်နေခိုက် မုဒိန်းကျင်ခဲ့တယ် လို့ တရားရုံးမှာ လျှောက်လဲချက် တင်ခဲ့ပါတယ်။ Singer က ဒီစပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

ဒီစွပ်စွဲချက်မှာ Lester Waters ရဲ့ သဘောင်္ပေါ်မှာ ပါတီလုပ်တဲ့ အချိန်မှာ ဖြစ်တာဖြစ်ပြီး Singer က Sanchez-Guzman ကို သူနဲ့ လိင်ဆက်ဆံဖို့ အမိန့်ပေးခဲ့တယ်လို့ ရေးထားပါတယ်။”ဒီ tour မှာ Bryan Singer က Cesar ကို အခန်းတစ်ခုထဲ သွေးဆောင်ခေါ်သွားပြီး တခါးကို ပိတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ပါးစပ်နဲ့ လိင်ဆက်ဆံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Cesar က ငြင်းဆန်ခဲ့တဲ့အခါမှာ သူ့ကို ပါးစပ် နဲ့ အပြင် အခြားနည်းနဲ့ပါ လိင်ဆက်ဆံဖို့ အကြမ်းဖက် ပြောဆိုခဲ့ပါတယ်။” လို့ တရားရုံး လျှောက်လဲချက်မှာ ပါရှိပါတယ်။ Singer က သူ့အဲ့လို လုပ်ရင်တောင် ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး လို့ ငြင်းဆိုခဲ့ပါတယ်။

Credit: MOMOLAY

Be the first to comment

Leave a Reply

Your email address will not be published.


*