ဖေ့စ်ဘွက်ပေါ်က လူတွေဟာ မြှောက်ကြိုက်သူများသာ လို့ ပြောလာတဲ့ အောင်လ

အဆိုတော် အောင်လတစ်ယောက်ကတော့ ဖေ့စ်ဘွက်ပေါ်ကလူတွေကို သူခံစာမိသလို အဓိပ္ဗါယ်ဖွင့်ဆိုလာတာကို တွေ့ရပါတယ် ထူးထူးဆန်းဆန်း အိမ်ထောင်ရေး ဘက်ပြောင်းမှုများကြောင်း ဝေဖန်မှုများစွာ ခံခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်းနဲ့ အောင်လို့ အဆိုတော်စုံတွဲဟာ ခုတော့လည်း ဝေဖန်မှုတွေ အနယ်ကျပြီး အေးဆေးသွားကြပြီ ဖြစ်ပါတယ်။အောင်လက သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် ဖေ့စ်ဘွက်အသုံးပြုသူတွေကို “Facebook = လက်မများ အတွက် ရှင်သန် နေကြသူများ ရပ်ဝန်း(အမြှောက်ကြိုက်သူများသာ)fishbook = ငါးရှဥ့်ဈေး ။ မြွေလိုလို ငါးလိုလို တွေချည်းပဲ ….” လို့ အဓိပ္ဗါယ်တွေ ဖွင့်ထားတာ ဖြစ်ပါတယ်။အောင်လက လောလောဆယ် ဝိုင်းစုခိုင်သိန်းနဲ့ ခရီးတွေ အနှံ့ ထွက်ဖြစ်နေတာကို တွေ့ရပါတယ်။ ရှိုးပွဲများ၊ သီချင်းအသစ်များအတွက်လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။Photos©Aung La,Wyne Su

Be the first to comment

Leave a Reply

Your email address will not be published.


*