အာမခံ၍ ငွေချေးပေးထားသူများ ထွက်ပြေးသဖြင့် ပိုးသတ်ဆေးသောက်၍ သေဆုံး

A black woman with black hair, wearing light green shirt, light blue leggings and gray shoes, drinks a green bottle of deadly poison with a skull and bones white print, that is being held by her right hand, head raised back, eyes shut and mouth opened to accommodate the liquid

အသိမိတ်ဆွေအမျိုးသမီးနှစ်ဦးအား အာမခံ၍ ငွေကျပ် ၇ သိန်း ချေးပေး ထားရာက ငွေချေးပေးထားသူများ ထွက်ပြေးသွားသဖြင့် စိတ်ညစ်ကာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ကြမ်းပိုးသတ် ဆေးသောက်ကာ အဆုံးစီရင်သွားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှသိရသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း ကျေးရွာ၊ မြေတိုင်း(၂၆)တွင် နေထိုင်သူ မသီတာသည် ဒီဇင်ဘာလ ၈ ရက်နေ့က ကြမ်းပိုးသတ်ဆေးသောက်၍ သေဆုံးသွားကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၆ ရက် ညနေ ၆ နာရီခန့်က ကြမ်းပိုးသတ်ဆေးသောက်ကာ ဗိုက်အောင့်သည်ဟု ပြောဆိုသဖြင့် အတူနေအမျိုးသမီးတစ်ဦးက ယင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းတင်ပို့ ကုသနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူ့ယောကျာ်းက မန္တလေးဘက်မှာ ပန်းရန်သွားလုပ်နေတာ။ အိမ်မှာက မိသားစုသုံးဦးပဲကျန်ခဲ့တယ်။ သူ့အသိမိတ်ဆွေနှစ်ဦးကို ငွေ ၇ သိန်း အာမခံချေး ပေးထားတယ်။ ငွေချေးထားသူတွေက ထွက်ပြေးသွားလို့ စိတ်ညစ်ပြီး ကြမ်းပိုးသတ်ဆေး သောက်သွားတာလို့ စုံစမ်းသိရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှ PR-116 ဖြင့် လက်ခံစစ်ဆေးနေပြီး လှိုင်သာယာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၈၉/၁၇ ဖြင့် စစ်ဆေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အဆိပ်သောက်သေဆုံးသူ ၃၂ နှစ်ဦးရှိပြီး သေမှုသေခင်းပေါင်း တစ်ထောင့်တစ်ရာကျော်တွင် စိတ်ညစ်ရာက ကြိုးဆွဲချသေဆုံးသူ ၁၆၁ ဦး၊ မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးသေဆုံးသူ သုံးဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

copy @ the voice news

Be the first to comment

Leave a Reply

Your email address will not be published.


*