သူတောင်းစားအဖြစ် သရုပ်ဆောင်နေရတဲ့ မြင့်မြတ်

သရုပ်ဆောင် မြင့်မြတ်တစ်ယောက်ကတော့ သူတောင်းစား တစ်ယောက်နေရာကနေ သရုပ်ဆောင်နေရပါတယ်။မေမြို့မှာ ရိုက်ကူးနေတဲ့ မသိဘူးချစ်တယ် ဆိုတဲ့ ဇာတ်ကားမှကို ပိုင်းဖြိုးသုနဲ့ ရိုက်ကူးနေတာ ဖြစ်ပြီး သူတောင်းစားတစ်ယောက်နေရာ သရုပ်ဆောင်ထားတဲ့ ပုံတွေကို ဖေ့စ်ဘွက်မှာ တင်ထားတာ ဖြစ်ပါတယ်။ပရိတ်သတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ မြင့်မြတ်က ကျရာဇာတ်ရုပ် များစွာကို သရုပ်နေသူဖြစ်ပြီး ဂျင်းကောင် ဇာတ်ရုပ်နဲ့လည်း နာမည်ကြီးထားသူ ဖြစ်သည်။ပြီးခဲ့တဲ့နှစ်က ခိုးဆိုးလုနှိုက် ဇာတ်ကားနဲ့ မြတ်မြတ် အကယ်ဒမီ ရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လွဲခဲ့သည်။ ဒီနှစ်မှာတော့ အော်ရီဂျင်နယ်ဂန်စတား ဇာတ်ကားနဲ့ မြင့်မြတ်အကယ်ဒမီရဖို့ သူငယ်ချင်း ဖြစ်သူ အဆိုတော်ယုံလေးကတော့ မျှော်လင့်နေသည်။Photos©Myint Myat

Be the first to comment

Leave a Reply

Your email address will not be published.


*