သင့် လက်တွဲဖော် အမျိုးသမီးက သင့်ကို စိတ်ကုန်ပြီး တခြားတယောက်ထားတော့မယ်ဆိုရင် သိနိုင်တဲ့အပြုအမူများ

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ချစ်သူနဲ့ ကိုယ့် အိမ်ထောင်ဖက်နဲ့ လမ်းခွဲရမှုတွေ အများကြီးရှိပါတယ်။ဒီလို ဖြစ်ရတာဟာ တယောက်နဲ့ တယောက် သဘောထားမတူကြတော့တာဖြစ်နိုင်သလို တယောက်က စိတ်ပျက်သွားလို့ အသစ်ရှာချင်လို့ သင့်ရဲ့ အားနည်းချက်ကို လက်မခံပေးချင်လို့ ဖြစ်ပါတယ်။ကိုယ့် လက်တွဲဖော် အမျိုးသမီးက အသစ်ထားဖို့ ခြေလှမ်းစပြီး လုပ်တတ်တဲ့ အပြုအမှုတွေကို အနီးစပ်ဆုံး ဖော်ပြပေးလိုက်ပါတယ်။

1.She Suddenly Has An Unfounded Interest In Your Routine

သင့်ကို အရင်ကထက် ဂရုစိုက်တဲ့ ပုံစံမျိုး လုပ်လာတာ သူရဲ့ ပင်ကိုယ်သဘောမဟုတ်ပဲ သင့်ကို အလေးအနက်ထားဟန် ပြနေတဲ့အခါမှာ သင့်အနေနဲ့ ပြောင်းလဲသွားတဲ့ စရိုက်အပေါ် လေ့လာသင့်ပါတယ်။ကိုယ်က ထိန်းကြောင်းမှုကောင်းလို့ ပြောင်းလဲတာလဲဖြစ်နိုင်သလို ကိုယ့်ကို ထိန်းကျောင်းဖို့ ပြောင်းလဲသွားတာလဲ ဖြစ်နိုင်ပါတယ်။အမျိုးသားတော်တော်များများကတော့ ဒီပုံစံကို သိလို့ အိမ်ကို မထင်မှတ်တဲ့အချိန်ပြန်သွားရင် surprise ဖြစ်စရာကတော့ ယောက်ျားတစ်ယောက်နဲ့ အတူရှိနေတာကို တွေ့တယ်လို့ စစ်တမ်းအရ ဖော်ပြထားပါတယ်။

2.She’s Become Withdrawn And Distant

နောက်တခုကတော့ သင်ဟာ အပေါင်းအသ်ငးတွေနဲ့ အလည်ကြူးပြီး ပြန်မလာတာမျိုးကိုလဲ စိတ်မပူတော့ပါဘူး။သ်ငပြောတဲ့ သဝန်တိုစရာ စကားတွေကိုလည်း ဂရုမစိုက်တော့ပါဘူး။ဒါဆိုလဲ ကိုယ့်လက်တွဲဖော်ရဲ့ အခြေအနေကို ဂရုစိုက်သင့်ပါတယ်။

3.Her Phone Becomes Her Most Prized Possession

သင့်ရဲ့ လက်တွဲဖော်ဟာ သူ့ရဲ့ဖုန်းကို ပေါ်ပေါ်ထင်ထင် မထားတော့ဘူး၊သင့်ကို မပြတော့ဘူးဆိုရင်လည်း သင့်အေနနဲ့ သံသယဝင်သင့်ပါတယ်။သူ့မှာ မဖောက်ပြန်သည့်တိုင် သင့်မသိစေချင်တဲ့ အကြောင်းတခု ရှိနေပြီဖြစ်ပါတယ်။

4.Her Interest In Romance And Physical Relations Drastically Decreases

သင့်ရဲ့ အထိအတွေ့ကို သာယာဟန်မပြတော့တာ သင့်ရဲ့ နူးညံ့ဖွယ်စကားကိုတောင် လက်တွဲဖော်က နားဝင်ခါးသလို လုပ်နေတာမျိုးဆို သူမကို လေ့လာသင့်ပါတယ်။တခါတလေမှာ လင်မယားကိစ္စတောင် မရှိအောင် သူမဘက်က ငြင်းဆန်မှုရှိလာရင် ကျန်းမာရေးကြောင့်လား စိတ်ခံစားမှုကြောင့်လား အသစ်တွေ့တာလား ကွဲပြားအောင် လေ့လာသင့်ပါတယ်။

5.She’s Purchasing New Lingerie But Not For You

သင့်ရဲ့ လက်တွဲဖော်ဟာ သူ့ပုံစံမဟုတ်တဲ့ အဝတ်အစားအလန်းတွေနဲ့ အတွင်းခံ အလှတွေ အလန်းတွေ ဝယ်နေပြီဆို သတိထားပါ။သင်နဲ့ ရှိချိန်မှာ ဝတ်တာမဟုတ်ပဲ အပြင်ထွက်ဖို့ ဝတ်တာဆို အတိုင်းအတာတခုအထိ စောငက့်ကြည့်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

6.She’s Constantly On Your Case About Things

ဘာမဟုတ်တဲ့ ကိစ္စတောင် သင့်အပေါ်သည်းမခံနိုင်ဖြစ်လာတာ၊သင့်ကို အကြောင်းရှာပြီး မြည်တွန်တောက်တီးလာတဲ့အခါ သူမမှာ ယောက်ျားလေး အသိအသစ်တယောကြ် ရ မရဆိုတာ သိအောင် စုံစမ်းပါ။မိန်းမပဲ ဖြစ်ဖြစ် ယောက်ျားပဲ ဖြစ်ဖြစ် အသစ်တွေ့တဲ့အခါ အဟောင်းရဲ့ အပြစ်ကို လက်ညှိုးထိုးဖော်တတ်ပြီး စိတ်တိုင်းမကျ ဖြစ်လာတာရှိပါတယ်။

7.She’s Evasive When You Confront Her

သင်သိထားတဲ့ အရာတွေကို မေးရင်တောင် ဝေ့လည်ကြောင်ပတ်ပြန်အဖြေပေးတာ သင့်ကို ပြန်မဲတာမျိုးလုပ်နေရင် သင့်အနေနဲ့ သူ့ကို အရင်ကထက် ပိုဂရုစိုက်ပြီး စောင့်ကြည့်ဖို့ လိုလာပါပြီ။အကြောင်းကတော့ လူတိုင်းက လက်တွေ့မြင်ရင်တောင် အချို့အရာကို ဗြောင်လိမ်ချင်တာဖြစ်ပြီး လက်တွေ့မဟုတ်ခင်မှာတော့ သူ့အမှား ကိုယ့်အမှားလုပ်ကာ အခြေအနေကို ပြောင်းပြန်ေဲပာင်းလိုက်နိုင်ပါတယ်။

8.She Comes Home Smelling Different

သူမရဲ့ ပင်ကိုယ် ရနံ့ထက် အမွှေးအကြိုင်တွေ ပြောင်းလဲသုံးစွဲတာ ထွက်သမျှ အလှကုန်တွေ ဝယ်ပြီး ပြင်ဆင်တာ ဆံပင်ကို တလထဲ ဆိုင်မှာ ခဏ ခဏသွားပြင်နေတာမျိုးဆို သူ့ကို စောင့်ကြည့်သင့်ပါတယ်။အရင်ထဲက ဒီပုံစံပဲဆို ပြဿနာမရှိပါဘူး။

9.She Has Systematically Cut You Out Of Her Life

သင့်နဲ့ တဖြေးဖြေးဝေးကွာသွားအောင် စနစ်တကျ ကြံဆောင်ပြီး သင့်မလိုချင်ပုံစံတွေပဲ ရွေးချယ်လုပ်ဆောင်နေပြီ သတိထားပါ။သူဟာ သင့်ဘဝထဲကနေ တဖြေးဖြေးထွက်ခွာသွားဖိုက ကြံစည်နေပါပြီ။ဒါမှမဟုတ် သူ့ဘဝထဲကနေ သင့်ကို အဝေးဆုံးမောင်ထုတ်နေပါပြီ။

Credit; Cantwait2say

Be the first to comment

Leave a Reply

Your email address will not be published.


*