သင်မသိသေးတဲ့ အလှအပအတွက် (ASPIRIN) အက်စပရင်ရဲ့ အံ့သြစရာ အသုံးဝင်ပုံ

Aspirin (အက်စပရင်) ကို နာကျင်မှုနှင့် ဖျားနာမှုကို လျှော့ချဖို့ထက် ဆရာဝန်တွေက ပေးကြပါတယ်။ အက်စပရင်က ကျန်းမာရေးအတွက်သာမဟုတ်ပါဘူး။ အလှအပအတွက်လည်း မယုံနိုင်လောက်အောင် အကျိုးသက်ရောက်မှု ရှိပါတယ်။ အက်စက်ပရင်က ဆေးဝါးဖြစ်တဲ့အတွက် သတိထားပြီး အသုံးပြုပါ။

ပန်းတွေကို ကြာရှည်လတ်ဆတ်နေစေဖို့ ထိန်းသိမ်းနိုင်တဲ့ နည်းလမ်း(၇)ခု

၁။ အင်းဆက်ပိုးမွှားကိုက်တာကို သက်သာစေပါတယ်
အက်စပရင်က ရောင်ရမ်းခြင်းကို လျော့ကျစေဖို့ ကူညီပေးပြီး ခြင်ကိုက်ခြင်းကြောင့် ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။ ရေတစ်ဇွန်းထဲမှာ အက်စပရင်တစ်ပြားကို ထည့်စိမ်ပြီး ယားယံတဲ့နေရာများကို မိနစ်အနည်းငယ်အကြာ လိမ်းပေးပါ။

၂။ exfoliantတစ်ခု အဖြစ်လုပ်ဆောင်နိုင်ပါတယ်
အက်စပရင်က မျက်နှာက ဆဲလ်အသေတွကို ဖယ်ရှားပေးတဲ့ အံသြစရာ exfoliant တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အလွန်အမင်း အဆီပြန်ခြင်းကို ဖယ်ရှားပေးပြီး ချွေးပေါက်ကျယ်တာကို လျော့ကျစေပါတယ်။ ရေနည်းနည်းထည့်ပြီး မျက်နှာပေါ်ကို ပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာရင် မျက်နှာသစ်ပေးပါ။ သင့်မှာ အထိခိုက်မခံတဲ့ အသားအရေရှိလျှင် အရေပြားယားယံခြင်းကို ရှောင်ရှားဖို့ ဂရုတစိုက် အသုံးပြုပါ။

၃။ ခြေထောက်ပေါ်က calluses တွေကို ဖယ်ရှားပေး
ဒီဆေးပြားက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ခြေဖ၀ါးကိုလည်း နူးညံ့စေဖို့ ကူညီပေးပါတယ်။ အမှုန့်ကြိတ်ထားတဲ့ အက်စပရင် ၇ပြားကို သံပုရာရည် စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပြီး ပျစ်ပျစ်လေးမွှေပါ။ ရောစပ်ထားတာကို ခြေဖ၀ါးမှာ သုတ်လိမ်းပြီး နွေးထွေးတဲ့ အ၀တ်တစ်ခုနဲ့ ခဏပတ်ထားပါ။ ၁၀မိနစ်လောက်ကြာရင် ဂျီးတွန်းကျောက်တစ်ခုနှင့်အတူ ကြမ်းတမ်းနေတဲ့ခြေဖနောင့်တွေကို ပွတ်တိုက်ပေးပါ။

၎။ ပျက်စီးနေတဲ့ ဆံသားတွကို ပြန်လည်ကောင်းမွန်စေပါတယ်
အက်စပရင်ကိုအသုံးပြုခြင်းက သင့်ဆံပင်တွေကို အကျိုးကျေးဇူးရစေပါလိမ့်မယ်။ သန်စွမ်းတောက်ပတဲ့ဆံပင် ရရှိဖို့ ရေနွေးနွေးတစ်ခွက်ထဲမှာ အက်စပရင်ဆေးပြားကို စိမ်ထားပါ။ ခေါင်းလျှော်ထားတဲ့ ဆံပင်ပေါ်ကို လိမ်းပေးပြီး ၁၅မိနစ်အကြာမှာ ရေနှင့်ဆေးပေးပါ။

၅။ အ၀တ်က ချွေးအစွန်းအထင်းများကို ဖယ်ရှားပေးပါတယ်
အက်စပရင်က သင့်အ၀တ်အစားတွေကို အသစ်အတိုင်းဖြစ်စေအောင် ကူညီပေးပါလိမ့်မယ်။ အက်စပရင်ဆေးပြားကို ရေနွေးထဲထည့်စိမ်ပြီး ချွေးအစွန်းအထင်းဖြစ်နေတဲ့ အ၀တ်အစားပေါ်မှာ သုတ်လိမ်းပေးပါ။ တစ်ညလောက်ထားပြီးမှ သင့်အ၀တ်အစားတွေကို လျှော်ပါ။ ချွေးအစွန်းအထင်းတွေ ပျောက်သွားပါလိမ့်မယ်။

၆။ ပန်းတွေကို ကြာရှည်ခံစေပါတယ်
အိုးထဲမှာ ဖြတ်ထားတွေ လတ်လတ်ဆတ်ဆတ် ပန်းပွင့်တွေကို ကြာရှည်ခံစေချင်ရင် အက်စပရင်ဆေးတစ်ပြားကို ကြိတ်ပြီး ပန်းအိုးထဲကို ရေနှင့်အတူ ထည့်ပါ။ ဒီနည်းလမ်းက ပန်းတွေကို ကြာရှည်ခံစေပါတယ်။ ပန်းပွင့်ကို ထိခိုက်စေတဲ့ ဘက်တီးရီးယားများကင်းစေပြီး ရေကို သန့်ရှင်းစေပါတယ်။

၇။ ဘောက်ပျောက်စေပါတယ်
ဘောက်တွေက ဦးရေပြားကို ယားယံစေပြီး အတော်လေး ရွံစရာကောင်းပါတယ်။ ဒီဘောက်တွေကို ဖယ်ရှားပစ်ဖို့ သင်ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်ထဲကို အက်စပရင်ဆေးပြား ၂ပြားကြိတ်ထည့်ပြီး လျှော်ပေးပါ။

၈။ ၀က်ခြံတွေကို လျော့ကျစေပါတယ်
အက်စပရင်က ရောင်ရမ်းမှုကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိများကြောင့် ၀က်ခြံတွေ လျော့ကျဖို့ ကူညီပေးပါတယ်။ အက်စပရင်ဆေးပြား ၂ပြား၃ပြားကို သံပုရာရည်နှင့် ရောမွှေပါ။ ၀က်ခြံပေါ်မှာ လိမ်းပေးပြီး မိနစ်အနည်းငယ်လောက်နေမှ မျက်နှာကို သန့်စင်ပေးပါ။ နေလောင်ထားတဲ့ အရေပြားပေါ်မှာ မသုံးစွဲဖို့ သတိထားပါ။

ဒီအကြံပြုချက်များကို မကြိုးစားခင် ဆရာဝန် သို့မဟုတ် အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ဖို့ အကြံပြုအပ်ပါတယ်။

#Lifestyle_Myanmar

#TB_Nandar
Credit: Life Style Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*