ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံထားရပြီ ဆိုတဲ့ အဆိုတော် ထန်ပါး

အများနဲ့မတူတဲ့ ဖက်ရှင် ဝတ်စားမှုတွေကြောင့် နာမည်ကီးနေတဲ့အဆိုတော် ထန်းပါးက ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံထားရပြီး
ဖြစ်ကြောင်းပြောလာပါတယ်။
စတိုင်ရှိမှ စတားဖြစ်မယ်၊ ဟဲလိုဟလို၊ မူးယစ်ဆေး၊ ကြိုဆိုပါတယ်ချင်းပြည်မှ၊ ဖေ့စ်ဘွတ်ချစ်သူကိုမယုံ၊ စတဲ့
သီချင်းအတော်များများ သီဆိုထားပီး လူမှုကွန်ယက်မှာ လူတွေသတိထားမိနေတဲ့ အဆိုတော်ဖြစ်ပါတယ်။
ရိုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံထားရကြောင်းကတော့ ဒီဇင်ဘာ ၈ ရက် ဆန်းဒေးဂျာနယ် အင်တာဗျူး တစ်ခုမှာပါလာတာ
ဖြစ်ပါတယ်။
“ခုလောလောဆယ်မှာတော့ ရုပ်ရှင်ရိုက်ဖို့လည်း ကမ်းလှမ်းထားတယ်ဗျ။ ပြီးတော့ တစ်ကိုယ်တော်ဆိုဖို့လည်း ကမ်းလှမ်းထားတယ်၊
ဒီခေတ်မှာ အသံနဲ့လည်း မရတော့ဘူးဗျ” လို့ သူဆိုပါတယ်။ သရုပ်ဆောင် ခင်လှိုင်က သူ့စတိုင်ကို အတုခိုးတဲ့အတွက်လည်း ကျေးဇူး
တင်တယ်လို့ပြောပါတယ်။ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းထားတာ တစ်နှစ်လောက်ကြာပြီလို့လည်း ဆိုပါတယ်။
ဒါရိုက်တာတစ်ယောက်က ကမ်းလှမ်းထားပြီး သုံးနှစ်စာချုပ်ချုပ်ချင်တာဖြစ်ကြောင်းသိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*