မိတ်ကျွန်းစုဘက်ကို ခရီးသွားရမှာမို့လို့ ပျော်နေတဲ့ ရဲတိုက်

ခရီးက ပြန်လာမှ ပရိသတ်နဲ့ ဆုံမယ်တဲ့။ခရီးအရမ်းသွားချင်နေတဲ့ သရုပ်ဆောင် ရဲတိုက်ကတော့ Tour တစ်ခုနဲ့ ဒီနေ့(ဒီဇင်ဘာ ၁၂ရက်)မှာ ခရီးစထွက်ပြီလို့ သိရပါတယ်။ အဲ့ဒီခရီးစဉ်မှာတော့ သူနဲ့အတူ နေမင်း ၊ ခင်ဝင့်ဝါတို့လည်း ပါဝင်ပါတယ်။
မြိတ်ကျွန်းစုဘက်ကို ခရီးသွားရမှာမို့လို့ ရဲတိုက်တစ်ယောက် အရမ်းကို ပျော်နေတာလည်း တွေ့ရပါတယ်။

ခရီးစထွက်တဲ့နေ့မှာပဲ လေဆိပ်မှာ ပရိသတ်တွေနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကနေ စကားပြောခဲ့ပါသေးတယ်။ ခရီးထွက်နေတဲ့ အချိန်တွေမှာလည်း ပရိသတ်တွေအတွက် ပုံလှလှလေးတွေလည်း တင်ပေးမယ်လို့ ပြောထားပါသေးတယ်။
ခရီးစဉ်အစမှာတော့ မြိတ်ကျွန်းစုဘက်ကို သွားမှာ ဖြစ်ပြီး ခရီးသုံးခုစီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ခရီးက ပြန်ရောက်တာနဲ့ ဇာတ်ကားရိုက်ကူးဖို့လည်း ပြန်လည်စတင်မယ်လို့ ဦးရီဇော်က ဆိုပါတယ်။
သရုပ်ဆောင်ရဲတိုက်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လတုန်းက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။

သရုပ်ဆောင်ရဲတိုက် လွတ်မြောက်လာပြီဖြစ်တာကြောင့် ဆာတိုရီရုပ်ရှင် ထုတ်လုပ်ရေးအနေနဲ့ အနုပညာအလုပ်တွေကို ပြန်လည်ဆောင် ရွက်နိုင်အောင်၊ ပရိသတ်တွေလည်း စောင့်မျှော်ရကျိုးနပ်အောင် ဇာတ်ကား ကောင်းတွေထုတ်ရိုက်ဖို့ ကြိုးစားနေတယ်လို့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ကိုရီဇော်က Duwun Media ကိုဖြေဆိုခဲ့ပါတယ်။
Photo : ရဲတိုက် FB

Credit: Duwun

Be the first to comment

Leave a Reply

Your email address will not be published.


*