မိခင်ဆေးကုပေးဖို့အတွက် မီးသဂြိုလ်စက်မှာ အလုပ်လုပ်နေတဲ့ ၁၁ နှစ်အရွယ် ကောင်လေး

ထိုင်းနိုင်ငံက အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မိခင်ဆေးဖိုးအတွက် မီးသဂြိုလ်စက်မှာ အလုပ်လုပ်နေရပါတယ်။

အဆိုပါကောင်လေးဟာ သူ့ဖခင်သေဆုံးသွားပြီး မိခင်ကလည်း အိပ်ရာကမထနိုင်ဘဲ သူ့အတွက် အားကိုးစရာ မဲ့နေပါတယ်။ ဒါကြောင့် သူ့မိခင်ဆေးဖိုးနဲ့ မိသားစုထမင်းဖိုးကို ရှာဖွေဖို့အတွက် ကျောင်းထွက်ပြီး မီးသဂြိုလ်စက်မှာ အလုပ်လုပ်ခဲ့ရပါတယ်။

သာမန်လူကြီးတွေတောင် အသုဘလောင်းကောင်တွေကို ကိုင်တွယ်မီးရို့ရတဲ့အလုပ်ဟာ အင်မတန်ခက်ခဲလှပါတယ်။ ဒါပေမယ့် သူကတော့ မကြောက်မရွံ့ဘဲ လုပ်နေရရှာပါတယ်။

ခုဆိုရင် သူ့ရဲ့ဘ၀ဇာတ်ကြောင်းလေးဟာ လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေပါတယ်။

သူ့ကိုကူညီပေးနိုင်မယ့်လူမြန်မြန်ပေါ်ပါစေ။

Credit: Nang May Ei (HtooDaily.com)

Be the first to comment

Leave a Reply

Your email address will not be published.


*