ဒုလ္လဘရဟန်း ဝတ်သွားကြတဲ့ ဇာတ်ပို့မင်းသား သုံးယောက်

မြန်မာဇာတ်ကားများရဲ့ အမာခံ ဇာတ်ပို့တွေဖြစ်ကြတဲ့ ကိုဘင်း၊ ကျော်ဇင်ထွဋ်နဲ့ အောင်ဇော်မင်းတို့ သုံးယောက်ကတော့ ဒုလ္လဘရဟန်းအဖြစ် ခံယူလိုက်ကြပြီ ဖြစ်ပါတယ်။

ဇာတ်ကားအများစုတွင် မပါမဖြစ်ဆိုသလို သရုပ်ဆောင်နေကြရတဲ့ သူတို့သုံးယောက်ကို အကယ်ဒမီမရတဲ့ မင်းသားတွေအဖြစ် ပရိတ်သတ်တွေက ချစ်ကြပါတယ်။ဒီနေ့ (ဒီဇင်ဘာလ ၆ ရက်) မှာတော့ အလုပ်တွေ များတဲ့ကြားက သုံးယောက်သား စုံပြီး သာသနာ့ဘောင် ဝင်လိုက်ကြတာ ဖြစ်ပါတယ်။

စွန်းလွန်းဂူဝိပဿနာ ကျောင်းတိုက်တိုက်မှာ ပဉ္စင်းခံလိုက်ကြတယ် လို့လည်း သူတို့ အသိုင်းအဝိုင်းက သိရပါတယ်။ ဇာတ်ပို့ ဇော်ဇော်အောင်ရဲ့ ဖေ့စ်ဘွက်မှာလည်း သူတို့ရဲ့ပုံများကို တင်ထားတာ ဖြစ်ပါတယ်။

Photos©Zaw Zaw Aung,Hnyaing Shin Myint Mo,Kyaw Zin Htut,Ko Bean

Credit:Pann Pwint

Be the first to comment

Leave a Reply

Your email address will not be published.


*