“ထာဝရအမေ” ရုပ်ရှင်ကား အထူးပွဲသို့ တက်ရောက်လာတဲ့ အနုပညာရှင်များ

ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးပုံဖော်ထားတဲ့ “ထာဝရအမေ” (Eternal Mother) ရုပ်ရှင်ဇာတ်ကား အထူးပွဲကိုတော့ ဒီကနေ့ ဒီဇင်ဘာ(၆)ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ ဇာတ်ကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေရော၊ တခြားဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အများကြီးတက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

ဇာတ်ကားထဲက အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ မေသန်းနု၊ နေတိုး၊ ၀တ်မှုံရွှေရည်တို့ အပါအ၀င် တခြားအနုပညာရှင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ထွန်းကိုကို၊ ချမ်းချမ်း၊ ဇွန်သံဇဉ်တို့လည်း ဒီပွဲကို တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။

“ထာဝရအမေ” ဇာတ်ကားကိုတော့ ဒီဇင်ဘာလ (၈) ရက်နေ့ကစပြီး ရုံတင်ပြသသွားမှာပါ။ အသည်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်ဝင်းက သူ့ရဲ့မိခင်အကြောင်းကို အခြေခံရေးသားထားတဲ့ “အမေနှင့် ကျွန်တော်” ဆိုတဲ့ ၀တ္ထုကို ဒါရိုက်တာ စင်ရော်မောင်မောင်က “ထာဝရအမေ” ဆိုပြီး ပြန်လည်ရိုက်ကူးထားတာပါ။ မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်ကားလေးပါ။

from စင်ရော်မောင်မောင်ရဲ့ fb

Be the first to comment

Leave a Reply

Your email address will not be published.


*