စိတ်ဖိစီးမှု များရင် ဗိုက်ပူလာတတ်သလား

အစားအသောက်လည်း အများကြီးမစား၊ ကိုယ်အလေးချိန်လည်း မများဘဲ ဗိုက်နားဘဲ ပူလာတတ်တဲ့ အကြောင်းအရင်းတွေထဲမှာတော့ စိတ်ဖိစီးမှုလည်း အပါအ၀င်ပါဘဲ။ စိတ်ဖိစီးမှု ကြောင့် ဗိုက်နားမှာ အဆီတွေ များလာရတာက ဗိုက်ပူသူတွေရဲ့ အဓိက အကြောင်းအရင်းလို့တောင် ဆိုနိုင်နေပါပြီ။

ဗိုက်ပူရတဲ့အကြောင်းအရင်း

စိတ်ဖိစီးမှုများခြင်း
အစားစားချိန် ပုံမမှန်ခြင်း
ကော်ဖီ သောက်တာများခြင်း
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားသုံးခြင်း (အခွံမာအသီး၊ အာလူးကြော် စသဖြင့်)

ဗိုက်ပြန် ပိန်အောင်ဘာတွေ လုပ်ရမလဲ

စောစောစီးစီး အိပ်ပါ

စိတ်ဖိစီးမှုများပြီး မအိပ်တာတို့ စောစောမအိပ်တာတို့ဆိုရင် စိတ်ဖိစီးမှုကို လျှော့ပါးစေတဲ့ Leptin ဓာတ်က ထုတ်လုပ်မှုကို လျှော့ကျကာ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ထိခိုက်စေပါတယ်။

အပန်းဖြေပြီးမှ အိပ်ပါ

အသက်ရှူလေ့ကျင့်ခန်း၊ ရေနွေးကန်နဲ့ ရေချိုး ဒါမှမဟုတ် တရားထိုင်တာတို့ စသဖြင့် စိတ်ပင်ပန်းသက်သာပြီး စိတ်တည်ငြိမ်အောင်လုပ်ပြီးမှ အိပ်ပါ။

ကော်ဖီသောက်တာ လျှော့ပါ

တစ်နေ့ကို ကော်ဖီ ၂ ခွက်ထက် ပိုမသောက်ပါနဲ့။

မဂ္ဂနီဆီယမ်ပါတဲ့ အစားအစာတွေ စားပါ

အစိမ်းရောင်ရင့်ရင့် ဟင်းသီးဟင်းရွက်၊ အခွံမာအသီးတွေနဲ့ ဂျုံကြမ်းတွေကို စားပေးပါ။

လေ့ကျင့်ခန်းကို သက်တောင့်သက်သာနဲ့ပုံမှန်ဆော့ပေးပါ။

မနက်ခင်းလမ်း ကြာကြာလျှောက်တာတို့၊ Gym ဆော့တာတို့ လုပ်ပေးရင် စိတ်ဖိစီးမှုကို ကျစေပါတယ်။ ဒါပေမယ့် အရမ်းပြင်းပြင်းထန်ထန်ဆော့ရင်လည်း စိတ်ဖိစီးမှုကို များစေတဲ့ဓာတ်တွေ ထွက်လာတတ်ပါတယ်။

Credit:Myfoodmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*