ချစ်သူ ဆွဲကြိုးချ သေဆုံးသဖြင့် သူလဲ လိုက်ပါသေဆုံးခဲ့တဲ့ ၁၅ နှစ်အရွယ် အချစ်သူရဲကောင်းမလေးနေ့စဉ်သတင်း

ကိုးကြာငှက်အလား ထင်ယောင်မှားလို့ချစ်သူ့ သတင်းကြားမိရာမှ နင်မရှိတော့တဲ့ဘဝ မှာငါမနေလိုနင်သွားရာနောက်ကောက်ကောက်ပါအောင်လိုက်တော့မဟဲ့ဆိုတဲ့စိတ်နဲ့ ချစ်သူ့အလားကြိုးဆွဲချသေဆုံးသွားတဲ့မဖြူ(ခေါ်) အိဖြူ ရဲ့ အဖြစ်ပျက်လေးပါ။

၁၁့၁၂့၂၀၁၇ ရှမ်းမြောက်/ကျောက်မဲမြို့
ယနေ့ မနက်ပိုင်းက ကျောက်မဲမြို့ ကျွဲကုန်းကျေးရွာရှိ ကျေးလက်ကျမ္မာရေးဌာနခွဲ အဆောက်ဦးတွင်း ပျော်ဘွယ်မြို့နယ်နေ (ဘ)ဦးခိုင်လင်း၏သမီး အသက်၁၅နှစ်ရှိ မအိဖြူ(ခ)မဖြူဆိုသူသည် အဆောက်ဦးထုတ်တန်းတွင် လည်ပင်းကြိုးကွင်းစွတ်လျက် ကြိုးတန်းလန်း အနေထားဖြင့်သေဆုံးနေခဲ့သည်။

အလောင်းအား ကျောက်မဲမြို့မြို့မရဲတပ်ဖွဲ့စခန်းမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များလာရောက်ကြည့်ရှုစစ်ဆေးပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်သိရှိစစ်ဆေးပေးနိုင်ရန် ကျောက်မဲပြည်သူ ဆေးရုံကြီးသို့ဇီဝီတလူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့်ပို့ဆောင်ခဲ့သည်။ှ

သေဆုံးသူ၏ချစ်သူအမျိုးသားမှာ ၁၀.၁၁.၂၀၁၇ ယမန်နေ့ညက ပျော်ဘွယ်မြို့တွင် အလားတူကြိုးဆွိဲချသေဆုံးခဲ့ကြောင်းသိရသည်။

Credit-Peacock Peacock
MinZinThan

Be the first to comment

Leave a Reply

Your email address will not be published.


*