“ကိုယ့်မှာတော့ အသိုက်ပျက်တဲ့ ငှက်ဘဝ” ဆိုတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းနဲ့ သူမရဲ့ သမီးလေး မြမိုးင်္ဂါနဲ့အတူ ခရီးတွေထွက်နေရင်း အသိုက်ပျက်တဲ့ ငှက်ဘဝလို ခံစားမိကြောင်း ငြီးတွားလာပါတယ်။အိမ်ထောင်ရေး အဆင်မပြေမှုတွေကြောင့် ခရီးတွေ ထွက်နေတဲ့ သူမတို့သားအမိနှစ်ယောက်က မန္တလေး၊ ပြင်ဦးလွင်၊ မိုးကုတ်ကနေ ခုတော့ အင်းလေကို လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ချမ်းချမ်းက သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် “အင်းလေးရေ ပြန်ပီကွယ် လွမ်းမောခြင်းတေရှိတဲ့ ကလောမြို့လေးကိုချီတက်လိုက်ဦးမယ်ပိုင်ဆိုင်ခြင်းကင်းမဲ့တဲ့ ရင်ခွင်ထဲမှာသမီးလေးနဲ့အတူ ဘဝ ခရီးတေထွက်ရတာမောပန်းခြင်းမရှိ မျှော်လင့်လေလေ ဝေးကွာလေလေဆိုတာ အခုသိလိုက်ရပီ ညနေစောင်းလို့ဇင်ယော်တေအိပ်တန်းတက်တော့ ဘဝကိုယ်စီနဲ့ အသိုက်ကိုယ်စီ ကိုယ့်မှာတော့အသိုက်ပျက် တဲ့ငှက်ဘဝ။” လို့ ရေးသားထားသည်။ပြီးခဲ့တဲ့ သောကြာနေ့က အိမ်ထောင်ရေးကွာရှင်းမှု သတင်းစာကြေညာချက်နှင့်အတူ ချမ်းချမ်းရဲ့ အိမ်ထောင်ရေးအကြောင်း လူစိတ်ဝင်စားမှု များပြားခဲ့သည်။Photos©Chan Chan

Be the first to comment

Leave a Reply

Your email address will not be published.


*